အောင်ပန်းသားလေးဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ကဏ္ဍများကိုထပ်ပေါင်းချင်ပါ darkmaker18@gmail.com,internetman29@gmail.com ကိုစက်သွယ်ထည်.သွင်းနိုင်ပါတယ်...

Sunday, January 8, 2012

မောင်စေတနာ ဘလောမှ ကူးယူ၍ ဖြန့်ဝေလိုက်ပါသည်

အသဲပုံလေးလား


လက်ဆောင်ကဒ်နဲ့အတူ တွဲပြီး ပုံဖော်ထားတဲ့ ရုပ်ကြွအသဲပုံလေး လုပ်နည်းလေး ဖြစ်ပါတယ်။ စက္ကူခေါက် နည်းလမ်းများဟာ ဂျပန်နိုင်ငံက ဆင်းသက် လာတယ်လို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံက စက္ကူကို သုံးစွဲတဲ့ နေရာမှာ လွန်ကဲတဲ့ နိုင်ငံဖြစ်သလို စက္ကူနဲ့ ပုံဖော်ရာတွင်လဲ သူမတူအောင် လက်ရာမြောက်ဆုံး ဖြစ်ပါတယ်။

မိမိရဲ့ ချစ်သူလေးဆီ လက်ဆောင်ကဒ်နဲ့ အတူ အသဲပုံရုပ်ကြွလေးကို လုပ်ပြီး မေတ္တာပိုတိုးအောင် လုပ်နိုင်ပါပြီ။ မိမိကိုယ်တိုင် လုပ်ပြီး ပေးပို့တယ် ဆိုရင် ချစ်သူပျော်ရွှင်မည် ဖြစ်ပါတယ်။ ပြောရင်းနဲ့ စာရှည်သွားပြီ။ ဒီမှာ လုပ်နည်းစာအုပ် နှစ်အုပ်ကို Download(1), Download(2)
လုပ်ယူပါ။                                                                                                                                      

မီးနဂါးလုပ်နည်း စာအုပ်


ယခု ဖော်ပြပေးလိုက်တာကတော့ မိမိတို့ရဲ့ မောင်လေး၊ ညီမလေးတွေ စိတ်ပျော်ရွှင် စေမယ့် စက္ကူခေါက် မီးနဂါးလုပ်နည်းလေး ဖြစ်ပါတယ်။ လုပ်နည်းအတိုင်း ပြုလုပ်မယ်ဆိုရင် တော်တော် ရုပ်လုံးကြွပြီး ကြည့်ကောင်းတဲ့ အရုပ်လေး ဖြစ်ပါတယ်။ လုပ်နည်းစာအုပ်ကို ဒီမှာ Download လုပ်ယူပါ။ နောက်များလဲ ဂျပန်ရဲ့ အဓိကထား လုပ်နေကြတဲ့ ရှားပါးတဲ့ အရုပ်လုပ်နည်းများ ဖော်ပြပေးသွားပါ့မယ်။

Command Key စာအုပ်ဖြန့်ဝေခြင်း


ကွန်ပျူတာ သုံးစွဲရာတွင် Command Key များဖြင့် သုံးစွဲခြင်းဟာ မြန်ဆန်လှပါတယ်။ Run Box ထဲမှ မိမိဖွင့်ချင်သည့် ဖိုင်အထိ ဖွင့်လိုရပါတယ်။ ယခု ဖော်ပြမည့် စာအုပ်သည် Run Box ထဲမှ အသုံးပြုရန်အတွက် Command Key များ ဖြစ်ပါသည်။ ကွန်ပျူတာသုံးစွဲသူတိုင်း အသုံးဝင်မည့် စာအုပ် ဖြစ်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။  

         

ကိုယ်တိုင် Window တင်ပါ

ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကဲ ပြောနေကြာတယ်။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။                                         

Network စာအုပ် ဖြန့်ဝေခြင်း

Network ကို လေ့လာချင်သူများ အတွက်ပါ။ မြန်မာလို ရေးသားထားသော စာအုပ် ဖြစ်ပါတယ်။ စာရွက် (၂၀၀)ကျော် ပါရှိပါတယ်။ ယနေ့ ခေတ်ကြီးထဲမှာ International လို့ ပြောရမယ့် Network နည်းပညာကို အနည်း အကျဉ်းမျှ မသိပါက Global ခေတ်ကြီးထဲ နေရတာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ (စကားကြီး စကားကျယ်နဲ့ ဟီး) အပြောကို လျော့ပြီး စာအုပ်ကို ဒီမှာ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူနိုင်ပါတယ်။                                                                                     

HTML စာအုပ် ဖြန့်ဝေခြင်း

မိမိဘလော့ Cbox တွင် လာရောက် တောင်းဆိုထားသော ဤစာအုပ်ကို ရှာဖွေပြုစု ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြသော စာအုပ်တွင် ရေးသားထားသော စာရေးသူသည် HTML ကို အသေးစိတ် ဖော်ပြထားသလို ရေးသားရာတွင်လည်း စနစ်ကျ လှပါတယ်။ HTML ကို အပိုင်း(၇)ပိုင်း ဖြင့် ရေးသား ဖော်ပြထားပါတယ်။ အဆိုပါ ရေးသားချက်များအား ပြုစု၍ စာအုပ်ပြုလုပ်ကာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ Cbox တွင် လာရောက်တောင်းဆိုသော ကိုရဲလည်း အတိုင်းအတာ တစ်ခုအထိ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Java, Css တို့ကိုတော့ ဆက်လက် ရှာဖွေပြီး ဖော်ပြပေးသွားပါ့မယ်။ စာအုပ်ကို ဒီတွင် Download လုပ်ယူပါ။                                                                        


        

Computer Shortcut စာအုပ် ဖြန့်ဝေခြင်း

စာအုပ်လို့သာ ပြောရပါတယ် .. စာရွက်က နှစ်ရွက်ထဲသာ ပါပါတယ်။ ဒီစာအုပ်လေးထဲမှာ Basic ShortCut Key, Window ShortCut, WinKey, Word Key,Excel Key, Outlook key တို့ပါဝင်ပါတယ်။ မသိသူများအတွက် အမြင်ကျယ် အသိတိုးစေဖို့ ဖော်ပြလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

        

Photoshop 7.0 ဖြန့်ဝေခြင်း

Adobe Photoshop CS 1,2,3 ဆိုပြီး သုံးနေတဲ့ အချိန်အခါမှာ Photoshop 7.0 စာအုပ်လာပေး နေရသလား ဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့။ အခုမှ Photoshop ကို သုံးစွဲချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ယခု စာအုပ်က မြန်မာလို ရှင်းလင်း ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တောင် အခုအချိန်ထိ လေ့လာနေရ တုန်းပါပဲ။ ရှင်းလင်းချက်တွေက ကောင်းမွန်လှပြီး ထိမိလှပါတယ်။ ယခုမှ လေ့လာသူများအတွက်အပြင် တတ်ပြီးသား လူများလဲ လေ့လာနိုင်ပါတယ်။ ပညာရပ်ဆိုင်ရာတွေသာ ရေးစေချင်တဲ့ ကိုမောင်လှိုင် တစ်ယောက်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမြဲတမ်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။
   
           

Program အကြောင်းသိကောင်းစရာစာအုပ် ဖြန့်ဝေခြင်း

Program နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။ Program ဆိုတာဘာလဲ၊ Java ဆိုတာ ဘာလဲ စသဖြင့်ပေါ့။ စာအုပ်ကို ဖတ်ကြည့်ရင် သိမှာပါ။ ကျွန်တော် ရေးသားထားတာ မဟုတ်ပါ။ ဟိုက ကူး၊ ဒီက ကူးနဲ့ စာအုပ်ဖြစ်အောင် ပြန်လုပ်ထားတာပါ။ လေ့လာသူများအတွက် စာအုပ်လေးနဲ့ဆိုရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ စိတ်ကူးကြောင့် ပြုစုထားတာပါ။ အဆင်မပြေလဲ ကြိတ်မှိတ်ပြီးသာ အဆင်ပြေကြပါ။ Program အကြောင်းကို ကျွန်တော်လဲ လေ့လာဆဲမို့ ဒီစာအုပ်ထဲကထက် ပိုပြီး မရှင်းနိုင်ပါဘူး။ စာအုပ်လေးကို Click လုပ်ယူပါ။
        
         

Window Installing စာအုပ် ဖြန့်ဝေခြင်း

ကွန်ပျူတာ Hardware တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြထားပါတယ်။ Software ပိုင်းဖြစ်တဲ့ Window Formatting ပြုလုပ်ခြင်း နည်းပါ ထည့်သွင်း ရှင်းပြထားပါတယ်။ ကွန်ပျူတာကို စပြီး လေ့လာသူများနဲ့ ကျွမ်းကျင်သူများ အတွက်ပါ အသုံးဝင်မယ့် စာအုပ်လေး တစ်အုပ်ပါ။ ကွန်ပျူတာ ကိုင်တွယ်သူတိုင်းတွင် ရှိသင့်သော စာအုပ်လေး တစ်အုပ် ဖြစ်ပါတယ်။ စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။
          
          

စာစီစာရိုက် Excel စာအုပ် ဖြန့်ဝေခြင်း

ဇယားကွက်တွေနဲ့ စာရိုက်မယ်ဆိုရင် Microsoft Office Excel က အကောင်းဆုံးပါပဲ။ လျှင်မြန်ပြီး လုပ်ငန်းကို အမြန်ပြီးစေပါတယ်။ စာစီစာရိုက်သင်တန်းများတွင်လဲ Excel ကို ထည့်သွင်းသင်ကြားထားပါတယ်။ မိမိဘာသာ မိမိလေ့လာ သင်ယူသူများအတွက် Microsoft Office Excel စာအုပ်ကို တင်ပေးလိုက်ပါတယ်။ အားလုံး အဆင်ပြေ အသုံးဝင် နိုင်ကြပါစေ။
       

စာစီစာရိုက် စာအုပ် ဖြန့်ဝေခြင်း

စာစီစာရိုက်တဲ့ နေရာမှာ သုံးတဲ့ Microsoft office word ကို လူတိုင်းသိကြမှာပါ။ လူတိုင်းလဲ သုံးနေကြမှာပါ။ ကွန်ပျူတာ သင်တန်းတက်တဲ့ လူတွေလဲ ဒီ application ကို ကောင်းကောင်း သိကြမှာပါ။ သို့ပေမယ့် ယခုမှ လေ့လာဆဲ၊ သင်ယူဆဲ လူများအတွက် Microsoft office word စာစီစာရိုက် လက်စွဲစာအုပ်ကို တင်ပေးလိုက်ပါတယ်။ နောက်နေ့ကျမှ Microsoft Office Excel စာအုပ်ကို တင်ပေးပါမယ်။ အသုံးဝင်နိုင်ကြပါစေ။

ကျွန်တော်အကြိုက်ဆုံး ကာတွန်းရေးဆရာ၊ စာရေးဆရာ

ကျွန်တော် စာဖတ်ဝါသနာကို ဖတ်ဖြစ်စေခဲ့တဲ့ စာအုပ်က ဆွေမင်း(ဓနုဖြူ) ရေးဆွဲတဲ့ တွတ်ပီကာတွန်း စာအုပ်ပါ။ အဖေက ကာတွန်းစာအုပ် ငှားဖတ်ရင် တွတ်ပီ စာအုပ်ပဲ ငှားတတ်ပါတယ်။ အဖေ ဖတ်တော့ လိုက်ဖတ် ဖြစ်ပါတယ်။ ဖတ်ကြည့်တော့ ဗဟုသုတ ရစရာတွေ အများကြီး တွေ့ရပါတယ်။ တော်ရုံ တန်ရုံ ကလေးတွေအနေနဲ့တော့ အေးစက်စက်နိုင်တဲ့ ကာတွန်းစာအုပ်ပါ။ ကျွန်တော်အတွက်တော့ ကြုံတိုင်းရွာလေးရယ်၊ တောထဲက သားရဲတိရိစ္ဆာလေး တွေရယ်၊ တောတွင်း သဘာဝ မြင်ကွင်း ရှုခင်းတွေက ကျွန်တော်ကို စွဲလမ်းစေခဲ့ပါတယ်။ ကျွန်တော် စွဲလမ်းခဲ့တဲ့ ကာတွန်းရေးဆရာက အခုတော့ ကွယ်လွန်ခဲ့ပါပြီ။ ကျွန်တော် အင်မတန်မှ နှမျှောမိပါတယ်။ တန်ဖိုးရှိလှတဲ့ ကာတွန်းရေးဆရာ၊ စာရေးဆရာ တစ်ယောက် အတွက်ပါ။ အခုလဲ ကာတွန်းဆရာ၊ စာရေးဆရာ ဆွေမင်း(ဓနုဖြူ)ရေးသားတဲ့ စာအုပ်လေးကို တင်ပေးလိုက်ပါတယ်။ ဖတ်ချင်သူများအတွက်ပါ။ စာအုပ်လေးက ဘ၀တစ်ခု အမှတ်တရ စာအုပ်လေးပါ။

ဘလော့ပြုလုပ်နည်း စာအုပ် ဖြန့်ဝေ

မြန်မာ့နည်းပညာ တိုးတက်ရေးအတွက် မြန်မာနိုင်ငံသား အားလုံးက ကိုယ်တတ်သည့် ပညာများဖြင့် မြန်မာလူမျိုးများ အသိအမြင်၊ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်နေကြသည်မှာ အားကျစရာပါ။ အင်တာနက်မှာလဲ မိမိရဲ့ ခံစားချက်၊ အတွေးအခေါ်၊ နည်းပညာ၊ ဗဟုသုတ စတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ ဆင်ဆာမရှိ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရသော ဘလော့ဆိုတာကို မြန်မာတွေ တွင်တွင် ကျယ်ကျယ် အသုံးပြုနေပါပြီ။ မသုံးတတ်လို့ သုံးချင်တဲ့ သူတွေအတွက်လဲ ဘလော့ဆရာများ ဖြစ်သော ကိုစေတန်ဂေါ့ကိုညီလင်းဆက် တို့ဟာ ဘလော့ပြုလုပ်နည်း စာအုပ်များကို ပြုစုရေးသားထားပါတယ်။

ဘလော့လုပ်မယ် စာအုပ်ကို ပြုစုသူကတော့ ကိုစေတန်ဂေါ့ ဖြစ်ပါတယ်။ စာအုပ်ဟာ ပြည့်စုံလွန်းလို့ ဘလော့လုပ်ရာမှာ ဆရာတစ်ယောက် ဘေးမှာ ရှိနေသလို ခံစားရမှာပါ။ အဲဒီလောက် ကောင်းမွန်ပြည့်စုံတဲ့ စာအုပ်ဖြစ်ပါတယ်။ ဘလော့တစ်ခု ဘယ်သို့ ဘယ်ပုံ စလုပ်ရမည်၊ ဇော်ဂျီဖောင့် ဘယ်လို ထည့်သွင်းရမယ်၊ တန်ပလိပ် အပြင်အဆင်၊ ဘလော့ လိုအပ်ချက် မှန်သမျှကို ပြည့်စုံအောင် ရေးသားထားသော စာအုပ်ဖြစ်ပါတယ်။ Blog လုပ်မယ် စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။ ဘလော့ စလုပ်မယ်ဆို အောက်က စာအုပ်ကို အရင် လေ့လာပါ။ ပြီးမှ ဒီစာအုပ်ကို လေ့လာပါ။

ဒါကတော့ ဘလော့ အခြေခံလုပ်နည်း စာအုပ်ပါ။ စာအုပ်ပြုလုပ်သူက ကိုညီလင်းဆက် ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ တကယ်အခြေခံပါပဲ။ ဘလော့ စလုပ်သူတွေအတွက်ပါ။ ဒီစာအုပ်တွင် ဘလော့မှာ ထည့်ရမယ့် တန်ဆာပလာ သိပ်မပါပါဘူး။ How to Make Myanmar Blog စာအုပ်ကို ဒီမှာ Click
လုပ်ယူပါ။


ဘလော့အချက်အလက်စာအုပ် ဖြန့်ဝေ

ဘလော့ဂါ ဆရာကြီးများဖြစ်သော ကိုရန်အောင်မောင်လှလင်းထက်၊ မှော်ဆရာညီညီသံလွင်ချမ်းမြစိုးဝဏ္ဏကိုမောင်သင်္ကြန်ဝေယံလင်းကိုဖိုးဇင် တို့က မြန်မာဘလော့ လောကတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာဘလော့ အကူအညီ ဆိုက်တစ်ခုကို တည်ဆောက်ထားပါတယ်။ မြန်မာဘလော့ လောကမှာ အဲဒီဆိုက်နဲ့ ကင်းတဲ့ လူမရှိပါဘူး။ ဘလော့လုပ်ချင်သူ အားလုံး ထိုဆိုက်က လမ်းညွှန်ချက်တွေ၊ ဗဟုသုတတွေ၊ လုပ်နည်းတွေ စတာတွေနဲ့ တည်ဆောက် နေကြ ရတာပါ။ မြန်မာဘလော့အကူအညီ ဘလော့ထဲမှ အမြဲဖော်ပြနေသော အချက်အလက်များကို ကျွန်တော် အပင်ပန်းခံ၍ စာအုပ်တစ်အုပ် အဖြစ် ပြုစုထားပါတယ်။ Update မဖြစ်ပေမယ့် တော်တော်များများ စုံလင်လှပါတယ်။ အချိန်မပေးနိုင်တာကြောင့် စာအုပ်တွင် အားနည်းချက် များရှိပါတယ်။ ဒါကိုတော့ ခွင့်လွှတ်ပေးကြပါ။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။
 here. Type the rest of your post here.
You might also like:

No comments:

Post a Comment

သူငယ်ချင်းတို့မှတ်ချက်က ကျွန်တော်အတွက်အားဆေးတစ်ခွက်ပါဗျာ
ကျန်းမာချမ်းသာကြပါစေ...မြန်မာဖောင်.မ၇၇င်လဲပြောနိုင်ပါတယ်.....